အောင်လံ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ ရေသန့်စက်ရုံများ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ အား ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီဖွင့်လှစ်ထုတ်လုပ်ရောင်းချမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်မှုကို ယမန်နေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြမင်းကျော် ဦးဆောင်၍ သမဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး၊ စက်မှုကြီးကြပ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ လက်သန့်ဆေးရည်၊ ကိုအပူချိန်တိုင်းတာစစ်ဆေးရေး၊ ဆိုင်ထိုင်စားပွဲများတွင် လူတစ်ဦးနှင့်တစ်ဦးကြား သတ်မှတ်အကွာအဝေး၊ အစားအသောက်များကိုပြင်ဆင် ဝန်ဆောင်မှုပေးသူများအားလုံး မျက်နှာကာ Face Shield၊ နှာခေါင်းစည်း(Mask) များတပ်ဆင်ထားခြင်းရှိ/မရှိ စသည့်အချက်များကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းစစ်ဆေးမှုတွင် ဆိုင်အတွင်းအပြင်များ၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက် ပိုစတာများ၊ ဆိုင်းဘုတ်များ ကပ်ထားခြင်းရှိ/မရှိ၊ ဆိုင်အတွင်းလာရောက်စားသုံးသူများ မျက်နှာကာ Face Shield (သို့မဟုတ်) နှာခေါင်းစည်း Mask တပ်ဆင်လာခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး အဆိုပါ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဉပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အသိပေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မျိုးသိန်း(ပြန်/ဆက်)