မော်လမြိုင် စက်တင်ဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးတို့အတွက် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညီညီ၊ဦးဆောင်အဖွဲ့များသည် ယမန်နေ့ ညပိုင်း၌ မြို့အတွင်း လှည့် ကင်းများဖြင့် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အများပြည်သူလုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ခိုး၊ ဆိုး၊ လု၊ နှိုက် များ မဖြစ်ပွားစေရေး၊ လက်နက် ကိုင်ဆောင်မှု မရှိစေရေး၊ COVID-19 ကာလ ၊ Stay at Home ကန့်သတ် နယ်မြေများ စည်းကမ်းလိုက်နာရေး၊ လမ်းဘေးစားသောက်ဆိုင်၊ KTV များမဖွင့် စေရေး၊ COVID-19 အတည်ပြု သောဒေသများမှ ခိုးဝင်လာသူများမရှိစေရေးတို့အတွက် လိုက်လံစစ်ဆေးလျက်ရှိရာ စည်းကမ်းမဲ့ မောင်းနှင်လာသော ဆိုင်ကယ်(၁၃)စီးအား ဥပဒေ အရ အရေးယူဆောင်ရွက်ခြင်း၊ KTV ဖွင့်လှစ် သောဆိုင်အား အရေးယူခြင်း များ ဆောင်ရွက် လျက်ရှိပြီး ထိုသို့ဆောင်ရွက်နေမှုကို ပြည်နယ်ရဲအကူ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကျော်အောင် မှ လိုက်လံစစ်ဆေးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ထံမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)