ယင်းမာပင်ခရိုင်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသော အရန်ရိက္ခာ စားအုန်းဆီပုံများ သိုလှောင်ထားရှိ

ယင်းမာပင်       စက်တင်ဘာ    ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသော အရန်ရိက္ခာ စားအုန်းဆီပုံးများ သိုလှောင်လက်ခံထားရှိကြောင်း နိုင်ငံတော်အရန်ရိက္ခာ စားအုန်းဆီပုံးများ စိစစ်လက်ခံ ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်သိန်းထံမှ သိရသည်။

COVID-19 ရောဂါဖြစ်ပွားမှုနှုန်းမြှင့်မားလာပြီး အရေးပေါ် အခြေအနေပေါ်ပေါက်လာပါက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ခရိုင်အတွင်း စားသုံး သူပြည်သူများသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်ရန် ယင်းမာပင်ခရိုင်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေး သော အရန်ရိက္ခာ စားအုန်းဆီပုံးများ သိုလှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

" နိုင်ငံတော်မှ ထောက်ပံ့ပေးသော အရန်ရိက္ခာ စားအုန်းဆီပုံးများ သိုလှောင်လက်ခံထားစဉ် ကာလအတွင်း ပျက်စီးဆုံးရှုံးမှု မရှိစေရေးကို နိုင်ငံတော်အရန်ရိက္ခာ စားအုန်းဆီပုံးများ စိစစ်လက်ခံထိန်းသိမ်းရေးအဖွဲ့မှ လက်ခံကာ သိုလှောင်ရုံမှာ  စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားမှာ ဖြစ်ပြီး COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ခရိုင်အတွင်း စားသုံးသူပြည်သူများသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်သိန်း ပြောပြသည်။

ယင်းမာပင်ခရိုင်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသော အရန်ရိက္ခာ စားအုန်းဆီ(၇၉၃၇)ပုံး သိုလှောင်ထားရှိမှာဖြစ်ပြီး လက်ရှိ စားအုန်းဆီ(၄၈၀၃)ပုံးကို ခရိုင်စားသုံးသူရေး ရာဦးစီးဌာန သိုလှောင်ရုံ၌ စိစစ်လက်ခံ သိုလှောင်ထားရှိကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)