ဟိုပင် စက်တင်ဘာ ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေး ရွှေနဒီ နံရံကပ် စာစောင် ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ရွှေနဒီနံရံကပ်စာစောင်တွင် လူကုန်ကူးမှုအဓိပ္ပါယ်၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ hot line ဖုန်းနံပါတ်များ၊ တရားမဝင် သွားရောက်ခြင်း၏ ဆိုးကျိုးများ၊ တရားဝင် သွားရောက်ခြင်း၏ ကောင်းကျိုးများ၊ တရားဝင်သွားရောက်ခြင်း လုပ်ငန်းစဉ်များ၊ လူကုန်ကူးမှုခံရလျှင် ခံစားရမည် ဆိုးကျိုးများ၊ လူကုန်ကူးခြင်း ဆိုင်ရာ သတိပြုရမည့် အချက်များပါ၀င်ပြီး နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပညာပေး နှိုးဆော်ချက်များ၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင် များကို စာဖတ်ပရိတ်သတ်များက လေ့လာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တိုးတိုးမေ− ဟိုပင်