ဒဂုံတောင် စက်တင်ဘာ ၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် အဓိက ရေထွက်ပေါက်တစ်ခုဖြစ်သော မြယမုံစမ်းရေ ထွက်ပေါက်အား ရေထိန်းတံခါးအသစ် တည်ဆောက်မှုအခြေအနေကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင် ရေစီးရေလာ နှင့် ရေဆိုးစီမံခန့်ခွဲမှု တာဝန်ခံ လက်ထောက်ဌာနမှူး ဦးဇော်မောင်ထွေး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ မြို့နယ်ရေစီးရေလာတာဝန်ခံ ဦးမင်းနိုင်လင်းတို့ သည် မြို့နယ်၏ အဓိကရေထွက်ပေါက်တစ်ခုဖြစ်သော မြယမုံစမ်း ကျောက်လမ်းရှိ ရေထိန်းတံခါးအသစ် အရှည်(၄၀)ပေ၊ အကျယ် (၂၂)ပေ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းခွင် အား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ထို့နောက် တည်ဆောက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြား၍ လိုက်လံ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)