နန်းယွန်း စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသော ဈေးဆိုင်များအား ညွှန်ကြား ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် နန်းယွန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်းကာ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေး အတွက် စားပွဲတစ်နှင့် တစ်လုံးကြားတွင် အကာအရံ ၂ ပေအမြင့်ထားရှိရေး၊ စားပွဲတစ်ခုတွင် Hand Gel တစ်ဗူး ထားရှိစေရေး၊ အစားအသောက်များကို သန့်ရှင်းစင်ကြယ်စွာချက်ပြုတ်ရေး၊ လက်ဆေး ဘေစင်များနှင့် ဆပ်ပြာထားရှိပေးရေး၊ ရောင်းချသူများအနေဖြင့် Mask များတပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေး၊ စားပွဲတစ်ခုတွင် လူလေးဦးထက်မပိုဘဲ ဆိုင်ထိုင်ကြရန် တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်နှင့် အညီ ဖွင့်လှစ်ရောင်းချရန်နှင့် စည်းကမ်းမလိုက်နာပါက အရေးယူဆောင်းရွက် သွားမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။
ဟန်ကမ်း(ပြန်/ဆက်)