ကြည့်မြင်တိုင်မြို့နယ်တွင် ရွေး​ကောက်ပွဲ​ဆိုင်ရာ စေ့စပ်ညှိနှိုး​ရေး​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ

ကြည့်မြင်တိုင် စက်တင်ဘာ ၄

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ တွင် ယ​နေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ရွေး​ကောက်ပွဲ​ဆိုင်ရာ စေ့စပ်ညှိနှိုး​ရေး​ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအ​ဝေး ကျင်းပခဲ့​ကြောင်း သိရသည်။

အစည်းအ​ဝေးတွင် မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်း​ဆွေက ရွေး​ကောက်ပွဲမတိုင်မီ မဲဆွယ်စည်း ရုံး​ရေး ကာလ အတွင်း အငြင်းပွားမှုများကို ကူညီညှိနှိုင်း​ ဖြေရှင်း​ဆောင်ရွက်ရန်နှင့် ရွေး​ကောက်ပွဲ​ဆိုင်ရာ စေ့စပ်ညှိနှိုး​ရေး​ကော်မတီ၏ လုပ်ငန်းစဉ် များကို ရှင်းလင်း​ဆွေး​နွေးခဲ့သည်။ ထို့​နောက် ကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် ပါတီကိုယ်စားလှယ်များမှ မိမိတို့သိရှိလိုသည့် ကိစ္စရပ် များကို ပါဝင်​ဆွေး​နွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအ​ဝေးကို မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရွေး​ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုး​ရေး​ကော်မတီအဖွဲ့ဝင် များ တက်​ရောက်ခဲ့​ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)