မဟာအောင်မြေမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေးအတွက် ရပ်ကွက်များအလိုက် တစ်အိမ်တက်တစ်အိမ်ဆင်းစစ်ဆေး

မန္တလေး စက်တင်ဘာ ၄

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကြေငြာရာတွင် မှန်ကန် စေရေးအတွက် မဲဆန္ဒရှင်များမှ ပထမအကြိမ် မဲစာရင်း ကြော်ငြာရာ တွင် အမှားပြင်ဆင် လျှောက်ထားမှုများ ထပ်မံမှားယင်းမှု မရှိစေရေးအတွက်  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ  ယနေ့ နံနက် (၁၀) နာရီမှ စတင်ကာ ရပ်ကွက်များအလိုက် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်  မဲစာရင်း ကြေငြာရာတွင် မှန်ကန်ရေးအတွက်  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှဥက္ကဋ္ဌ ဦးရဲလင်း၊ အတွင်းရေးမှူး ဦးရဲမင်းလွင်နှင့် ကော်မရှင်အဖွဲခွဲဝင်များက ရဲမွန်တောင်ရပ်ကွက်သို့ဆင်းကာ ပထမအကြိမ် မဲစာရင်းကြေငြာစဉ်က မဲဆန္ဒရှင်များက ပုံစံ ၃၊ ပုံစံ ၄၊ ပုံစံ ၄ ဂ တို့ဖြင့် လျှောက်ထားမှုကို ပြင်ဆင်ထားသည့် မဲစာရင်းနှင့် အိမ်ထောင်စုဇယားတို့ တိုက်ဆိုင်စစ်ဆေးခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈)ရပ်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ရပ်ကွက် (၁၈)ရပ်ကွက်တွင်  မဲရုံ (၈၃)ရုံဖြင့် မဲဆန္ဒရှင် ၁၆၀၀၀၀ ကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ စာရင်းအရ သိရသည်။

ထွန်းထွန်းနိုင်