ဟုမ္မလင်း စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံးမှ စိုက်ပျိုး ထုတ်လုပ်ခြင်းဆိုင်ရာ အကျိုးဆောင်တောင်သူ ပညာပေးဆွေးနွေးပွဲ ကို ယနေ့ နံနက် (၉) နာရီက ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယဦးစီးမှူး ဒေါ်ဇင်မာလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ခန္တီးခရိုင်စိုက်ပျိုးရေး ဦးစီးမှူးကိုယ်စား ခန္တီးခရိုင်မြေ အသုံးချရေးတာဝန်ခံ ဦးသိန်းထွန်းတင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက စိုက်ပျိုးရေးဆိုင်ရာများနှင့် ပတ်သတ်၍ လည်းကောင်း ရှင်းပြောကြားခဲ့ပြီး၊ တက်ရောက် လာသော သင်တန်းသားများအား သင်ထောက်ကူ ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ အကျိုးဆောင် တောင်သူပညာပေးဆွေးနွေးပွဲသို့ ဟုမ္မလင်းမြို့နယ်၊ ကက်သာ စံပြကျေးရွာ၊ ခေါင်ခမ်းကျေးရွာအုပ်စုတာပတောင်ကျေးရွာနှင့် နားနုံးကျေးရွာတို့မှ တောင်သူ (၂၀) ဦးခန့် တက်ကြပြီး သင်တန်းဆရာ/မများက ဘာသာရပ်ဆိုင်ရာနည်းပညာများ
သင်ကြား ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လင်းလင်း(ပြန်/ဆက်)