ညောင်ရွှေ စက်တင်ဘာ ၅
လတ်တလော ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ညောင်ရွှေမြို့၌ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးငြိမ်းချမ်း၊ မြို့နယ်စည်ပင်သာ ယာရေးဋ္ဌာန ဦးစီးအရာရှိ ဦးဇော်လင်းခိုင်၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ညောင်ရွှေမြို့တွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့တွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားအပေါ် လက်ဆေးဘေစင်များ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ ဆိုင်ဝန်ထမ်းများ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ၊ စား သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် တစ်ဦးနှင့်တစ်ဦး COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိ စေရေး ဆောင်ရွက်ထားမှု ရှိ/မရှိ စသည့်တို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ