ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့တွင်အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်

 

တာလေ      စက်တင်ဘာ      ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ တွင် အသက်(၁)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများကို စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ နားအွန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီ နှင့် ဝန်ထမ်းများကဆောက်ရွက်ခဲ့သည်။

အဆိုပါ နားအွန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာခွဲအပိုင်းရှိ အသက်(၁) နှစ်အောက် ကလေးငယ်များအား ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန် လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ သံချဆေးများတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးသည့် အပြင်၊ ကိုယ်ဝန် ဆောင် မိခင်များကိုလည်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ကာကွယ်ဆေးထိုးခြင်းများကို သားဖွား ဆရာမ ဒေါ်ခင်ခင်ရီ က ဦးဆောင်၍ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သရှိရသည်။

 

အောင်ကျော်မိုး (ပြန်/ဆက်)