မော်လမြိုင်ကျွန်းမြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ ကလေးသူငယ် ဆိုင်ရာ အခွင့်အရေးဆုံးရှုံးနစ်နာသည့် ကလေးငယ်အတွက် ထောက်ပံ့ကြေးပေးအပ်

မော်လမြိုင်ကျွန်း    စက်တင်ဘာ   ၅

မော်လမြိုင်ကျွန်းမြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီသည် ကလေး သူငယ်များ နစ်နာမှုကိစ္စရပ်များနှင့် ပတ်သက်၍ ကလေးသူငယ်ဆိုင်ရာအခွင့် အရေးများ ဆုံးရှုံးမှုမရှိစေရန် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ကလေးသူငယ်များကို ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်နိုင်ငံတော်အတွက် အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင် နေခြင်းပင်ဖြစ်သည်။

မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့ နေ့လည် ၂ နာရီအချိန်က လူမှုဘဝအကြောင်း အမျိုးမျိုးကြောင့် လိင်ပိုင်းဆိုင်ရာ အခွင့်အရေးယူခေါင်းပုံဖြတ်ရန်  ကြံရွယ်ခံရသည့် လှိုင်းဘုန်း ကျေးရွာနေအသက် (၆)နှစ်အရွယ်မိန်းကလေးအား အမှုရင်ဆိုင်ဖြေရှင်းနိုင်ရေး အတွက်ထောက်ပံ့ငွေ ကျပ် တစ်သိန်း ပေးအပ်သည်။

ကလေးသူငယ်တိုင်း ရပိုင်ခွင့်ရှိသည့် အခြေခံအခွင့်အရေး ၄ ရပ် နှင့် အညီတရားစွဲဆို ဆောင်ရွက်သွားနိုင်ရေးအတွက်ထောက်ပံ့ကြေးငွေအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာန၊ဦးစီးမှူး ဒေါ်ရတနာမော်တို့မှ ကလေးငယ်၏ သက်ဆိုင်သူ မိဘထံသို့ပေးအပ်ကြောင်း သိရှိရသည်။

 သီတာအောင်(ပြန်ဆက်)