မေတ္တာမြို့ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

မေတ္တာ စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် ထားဝယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ် ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်များ စာရင်းကို ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ(၁)ရက်နေ့ မှစတင်၍ ကပ်ထား ကြေညာထားရှိကြောင်း သိရသည်။

ထားဝယ်မြို့နယ်၊ မေတ္တာမြို့အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော် ကိုယ်စားလှယ် နေရာများမှာ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်(၄) ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃) (၆) ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒ နယ်အမှတ် (၂) (၈) ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်း ရင်းသား လူမျိုး)များ (၇) ဦး၊ စုစုပေါင်း ကိုယ်စားလှယ် လောင်း (၂၅) ဦးစာရင်းအား ရပ်ကွက် /ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိကြောင်း သိရသည်။

နန်းခလိုက် (မေတ္တာ)