ညောင်ရွှေမြို့နယ်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ အများပြည်သူ သိရှိနိုင်စေရန် ကပ်ထားကြေညာ

ညောင်ရွှေ စက်တင်ဘာ ၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအသီးသီး၌ အများပြည်သူ သိရှိနိုင်စေရန် ကပ်ထားကြေညာ ထားကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကြေညာရာတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၄) ကိုယ်စားလှယ်လောင်း (၁၀)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၇)ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ်လောင်း (၈)ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ်လောင်း(၈)ဦး၊ ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း (ကချင်တိုင်းရင်းသားလူမျိုး) (၅)ဦး၊ (ကယန်းတိုင်းရင်း သားလူမျိုး) (၆)ဦး၊ (ဗမာတိုင်းရင်းသားလူမျိုး) (၈)ဦး၊ (လီဆူတိုင်းရင်းသားလူ မျိုး) (၇)ဦး၊ (လားဟူတိုင်းရင်းသားလူမျိုး) (၆)ဦး၊ (အာခါတိုင်းရင်းသားလူမျိုး) (၄)ဦး၊ (အင်းတိုင်း ရင်းသားလူမျိုး) (၇)ဦးတို့ဖြင့် စုစုပေါင်း ကိုယ်စားလှယ်လောင်း (၇၆)ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်​​ကြောင်း သိရသည်။

စိုင်းအယ်ဘဲ