ဆဒုံး စက်တင်ဘာ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ခရိုင်၊ ဆဒုံးမြို့ ဆေးရုံနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီက အလှူရှင်က လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသုံးပြုနိုင်ရန် ဆဒုံးမြို့ပြည်သူ့ဆေးရုံအတွက် နှာခေါင်းစည်း (၅၀) ခုပါ (၁၀၀) ဘူး၊ လက်သန့်ဆေးရည် (၅) ဗူးနှင့် ဆေးပဒေသာပင်ငွေ (၁)သိန်းကျပ်၊ ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသည့် လူနာ(၄) ဦးအတွက် တစ်ဦးလျှင် (၃) သောင်းကျပ်နှုန်း စုစုပေါင်း (၁၂၀,၀၀၀/) ကျပ်အားလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအတွက် နှာခေါင်းစည်း (၅၀) ခုပါ (၂၂၀) ဘူး၊ လက်သန့်ဆေးရည် (၂၄) ဘူးပါ (၁) ဖာအားလည်းကောင်း၊ ဆဒုံးမြို့ စုပေါင်းဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် နှာခေါင်းစည်း (၅၀)ခုပါ (၃၅) ဘူး၊ လက်သန့်ဆေးရည် (၅) ဘူးနှင့် မာကျားအင်ဝမ်းကောင်ကျေးရွာရှိ ပြည်သူများအတွက် နှာခေါင်းစည်း (၅၀) ခုပါ (၉၀) ဘူးနှင့် လက်သန့်ဆေးရည်(၁၀) ဘူးတို့ကို အလှူရှင်ဒေါ်ဆာလော်မီးမှ လာရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ဝေါ်တား (ပြန်/ဆက်)