တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်

တနိုင်း  စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန်ပွားမှု မရှိစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်  Maskများ အခမဲ့ဖြန့်ဝေ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်()နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ လူသွားလူလာများသော လမ်းဆုံလမ်းခွနေရာတွင် ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသော မြို့နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ရေးအတွက် လူသွားလူ လာများသော လီဒိုလမ်းမကြီးနှင့် မိုင်းခွန်သွားလမ်း လမ်းဆုံလမ်းခွနေရာတွင် သွားလာသော ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာပါက မဖြစ်မနေ Mask များတပ်ဆင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်ကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးပြောကြားပြီး ဖြတ်သန်း သွားလာသူများအား Mask အခု(၃၀၀)အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)