ဟားခါးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ဟားခါး  စက်တင်ဘာ 

ချင်းပြည်နယ် Coronavirus Disease 2019 ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ကြေညာချက်များ နှင့်အညီ အများပြည်သူများ သိရှိလိုက်နာနိုင်စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အသိပညာ ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် မြို့နယ်ကိုဗစ်-၁၉  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီ ဉက္ကဋ္ဌ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဝန်ထမ်းများ၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဟားခါး G.T.Iကျောင်းနှင့် ဟားခါးတက္ကသိုလ်တွင် Facility Quarantine ဝင်ရောက်နေသူများ၏ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများ လိုက်လံကွင်းဆင်းကြည့်ရှုခြင်းနှင့် Facility Quarantine ၂၄ ရက်ပြည့်၍ ပြန်လည်စေလွှတ်သူ ပြည်ပမှ ပြန်လာသူ အသက် ၃၂ နှစ် အမျိုးသမီးတစ်ဦးအား ထောက်ပံ့ကြေးများ ပေးအပ်ပြီး မိမိအိမ်တွင် Home Quarantine ရက် ထပ်မံနေရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်ခွီရှိန်းခရိုင်(ပြန်/ဆက်)