စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လဟယ်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

လဟယ်    စက်တင်ဘာ   ၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်း ညှိနှိုင်အစည်းအဝေးကို ယနေ့နံနက် (၁‌၀ )နာရီချိန် လဟယ်မြို့ မာလာတောင်အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လဟယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးပါခင်က အဖွင့်အမှာစကား ပြောကြားပြီး လဟယ်မြို့နယ် ပြည်သူ့ ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာသက်ဇင်အောင်မှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းနှင့်အညီ ဆောင်ရွက်ရမည့် စံလုပ်ငန်း လမ်းညွှန်နှင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေေခဲ့ကြသည်။

ထို့နောက် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တက်ရောက်လာကြသော ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့၀င်များက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှားဆက်(ပြန်/ဆက် )