၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးစာစောင်များ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ

 

လင်းခေး          စက်တင်ဘာ ၁ဝ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ၊ ခရိုင် ပြည်သူ့ စာကြည့်တိုက်တွင် စာအုပ်စာပေများ လာရောက်ဖတ်ရှုခြင်း၊ငှားရမ်းပေးခြင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထုတို့ သိရှိအပ်သော အကြောင်းအရာများကို လွယ်လင့်တကူ ဖတ်ရှု လေ့လာနိုင်စေရန် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်အားလည်း ဆောင်ရွက် ထားရှိပေး လျက်ရှိကြောင်း သိရသည်။

 အများပြည်သူ လူထုတို့ ကိုဗစ်-၁၉ ရောဂါကူးစက် ခံစားရမှုများ မဖြစ်ပေါ်စေရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး စာစောင် များနှင့် လာမည့် ၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲပေးပိုင်ခွင့် ရှိသ တိုင်း သိသင့်သိထားအပ်သည့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အချက်အလက်များအသိ ပညာပေး စာစောင် များကို ဒေသနေ ပြည်သူများ၊ခရီးသွားဖြတ်သန်းသွား လာလျက် ရှိကြသူများက အလွယ်တကူဖတ်ရှု လေ့လာ နိုင်စေရန် ဖော်ပြပါဘုတ်တွင် ပြသပေး ထားပါသည်။

ယင်းသို့ ပြည်သူဗဟိုပြု အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် အသိပညာပေးခြင်း လုပ်ငန်းများ၊ စာအုပ်စာပေ မိတ်ဆက်ပေးခြင်း လုပ်ငန်းများ၊ ကလေးသူငယ်များ အတွက် ပုံပြင်ပြော ပြမယ် ကလေးတို့ရေအစီအစဉ်များ အွန်လိုင်း နံရံကပ်စာစောင်များ ပြသပေးခြင်းလုပ်ငန်းများ ၊ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လေ့ ရှိသော ပြည်သူ့ အကျိုးပြု သတင်းများနှင့် အခါအားလျော်စွာ ဖြစ်ပေါ်တတ်သည့် ဒေသန္တရ ထူးခြားဖြစ်စဉ် သတင်း များကို အချိန်နှင့် တစ်ပြေးညီ လင်းခေးခရိုင်ရုံး ပြည်သူ့စာကြည့်တိုက် Facebook page IPRD Linkhay Page တို့မှ အရှိန်အဟုန်မပြတ် Online System ဖြင့်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရပါသည်။

စိုင်းဇော်လတ်(လင်းခေး)