လေရှီး စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကော်မတီဝင်များ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဆွေးနွေးပွဲကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ကြိုတင်ထိန်းချုပ်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ခရီးသွားပြည်သူများအား သတ်မှတ်ထားသော ရောဂါကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ စစ်ဆေးကုသမှုများကို အရှိန်အဟုန်နှင့် ဆောင်ရွက်သွားနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
ယင်းရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်များတွင် ယခင်အတိုင်း ဆက်လက် ထားရှိသွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။
ခဘိုး(ပြန်/ဆက်)