ကျိူက်လတ်၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုက်လတ် စက်တင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က ဌာနဆိုင်ရာများအနေဖြင့် မြို့ဝင်စစ်ဆေးရေး ဂိတ်တွင် တာဝန်ချထားမှုများအား စနစ်တကျကြီးကြပ်ဆောင်ရွက်ရန် ၊ ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းအတွင်းရှိ  Stay at Home မြို့နယ် (၂၈) မြို့နယ် မှ လာရောက်သူများအား တွေ့ရှိပါက  Facility Quarantine ဝင်ရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများအား မိမိတို့ဌာနအလိုက် ပြီးစီးအောင် ဆောင်ရွက်ပေးရန် ပင်စင်စားများ လစာထုတ်ယူရမည့်ရက်များတွင် အဆင်ပြေစေရေးအတွက် ကြိုတင် စီစဉ်ဆောင်ရွက်ပေးရန်တို့ကို  ပြောကြား ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့နှင့် သက်ဆိုင်သည် များအား ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)