တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ၌ သစ်တောဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

တွံတေး ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ ဘုရားကြီးသစ်တောထွက်ပစ္စည်းစစ်ဆေးရေးအခွန်တော်ကင်းစခန်း၌ သစ်တောဥပဒေ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အဆိုပါသစ်တောထွက်ပစ္စည်းစစ်ဆေးရေးအခွန်တော်ကင်းစခန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တွံတေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းအာကာမှ သစ်တောဥပဒေအကြောင်းဆွေးနွေးဟောပြောပြီး သစ်တောဥပဒေတွင် အခန်း(၁၃)ခန်း၊ ဥပဒေပုဒ်မ (၅၈) ခုဖြင့် ပြဌာန်းထားပြီး ဥပဒေပုဒ်မ တစ်ခုချင်းအလိုက် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အကျယ်တဝင့်ရှင်းလင်း ဟောပြောဆွေးနွေးကာ ကျေးရွာသူ၊ ကျေးရွာသားများက သိရှိလိုသည်များမေးမြန်းကြရာ မြို့နယ်ဦးစီးမှူး ဦးထွန်းအာကာက ဖြေကြားဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ ဘုရားကြီးကျေးရွာမှ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ (၄၄) ဦး၊ သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးဌာနမှူးပါ (၄) ဦး စုစုပေါင်း (၄၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တွံတေးသား