ကရသူရိမြို့၌  လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်နှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသ

ကရသူရိ ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်နှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက လူငယ်/လူရွယ်များသည် ထူးချွန်ထက်မြက်၍ ဗဟုသုတများ ပြည့်စုံရန် လိုအပ်ပါကြောင်း၊ ထိုသို့ အသိပညာ ဗဟုသုတများ ပြည့်စုံရေး စာအုပ်/စာပေများကို အစဉ်အမြဲ ဖတ်ရှုကြရန်လိုအပ်ကြောင်း၊  ကျောင်းသား/သူများ၏ ဘဝတိုးတက်ရေးသည် ကျောင်းစာများသာမက ပြင်ပအသိပညာ/ အတတ်ပညာများကိုလည်း တတ်မြောက်ထားရန်လိုအပ်ကြောင်း၊ အမျှော်အမြင်များနှင့်ပြည့်စုံခြင်း၊ သွက်လက်ထက်မြက်ခြင်း၊ ရိုင်းပင်းကူညီလိုစိတ်ရှိခြင်းသည် စာဖတ်ခြင်းမှသာ ရရှိသဖြင့် စာအုပ်/ စာပေများကို လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးခံရခြင်းအကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ လူငယ်ဆိုင်ရာအသိပညာပေး နံရံကပ်ဘုတ်နှင့် စာအုပ်/စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား/သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)