မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်

မြောက်ဥက္ကလာပ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မြို့နယ်အတွင်း အသံချဲ့စက် ဖြင့်   လိုက်လံအသိပေးနှိုးဆော်ခြင်းကို  ယမန်နေ့ ညပိုင်းက ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

ထို့သို့ အသိပေးနှိုးဆော်ရာတွင်  ရပ်ကွက်များအတွင်းရှိ  ပြည်သူများကို  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့်  ရောဂါကူးစက်ပျံ့နှံ့မှုကို  ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်  ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လူစုလူဝေးရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စနစ်တကျ  စက္ကန့် ၂၀ ခန့်ကြာအောင် ဆေးကြော သန့်စင်ကြရန်၊ ကိုယ်အပူချိန်မြင့်တက်လာပါက စိုးရိမ်မှုမရှိစေဘဲ နီးစပ်ရာဆေးရုံဆေးခန်း များသို့ အမြန်ဆုံးပြသပြီး ကုသမှုခံယူကြ ရန်တို့ကို  မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက မီးသတ်ယာဉ်ဖြင့် သံချဲ့စက်တပ်ဆင်ကာ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်လံအသိပညာပေးနှိုးဆော်ခြင်းကို  မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နေ့စဉ်လိုက်လံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)