လှိုင်းဘွဲ၊ စက်တင်ဘာ ၁၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာတွင် လူမှုန်ဝန်ထမ်းဦးစီးဌာမှ ထောက်ပံ့ပေးသည့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ် အတွင်း အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ခြင်းကို လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာရှိ အသက်(၈၅)နှစ် အထက် အဘိုး(၁၅)ဦးနှင့်အဘွား (၂၃)ဦးတို့ကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာလ စတုတ္ထ သုံးလပတ်အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၁၄၀၀၀၀)ကျပ်ကို သာယာကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)