သတင်းများ

တံတားဦးမြို့ အရေးပေါ် ရိက္ခာစားဆီများ သိုလှောင်ရုံအတွင်းထားရှိမှုများ စစ်ဆေး
Sep 18,2020
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် အရေးပေါ်ရိက္ခာစားဆီတန်ချိန်(၃၂ဒသမ၃၇) တန်၊ ဆီပုံး (၂၀၀၇) ပုံးကို တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ သိုလှောင်ရုံ၌ထားရှိရာ ယနေ့နံနက် (၁၀) နာရီက မြို့နယ်သိုလှောင်မှုကြီးကြပ်ရေးအဖွဲ့များက စစ်ဆေးကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များမှာ တာဝန်ထမ်းဆောင်ခဲ့သော ရပ်ကွက်စာရေးများအား ထောက်ပံ့ကြေးများပေးအပ်
Sep 18,2020
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင်ရှိသော ရပ်ကွက် (၁၈)ရပ်ကွက်၌ တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်စာရေးများအား စနေနေ့နှင့် တနင်္ဂနွေ တရားဝင်ရုံးပိတ်ရက်များတွင် ရုံးတက်တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကာလအတွက် ထောက်ပံ့ကြေးငွေများကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ် နှစ်ဂိတ်သို့ ထောက်ပံ့ငွေများပေးအပ်
Sep 18,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် နမ့်မန်း စစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ် စစ်ဆေးရေးဂိတ် နှစ်ဂိတ်တို့တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအတွက် စားစရိတ်ထောက်ပံ့ခြင်းကို ယနေ့နံနက်က သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဘောဂလိမြို့ မဲတင်းတိမ်ကျေးရွာအုပ်စုနှင့် ချောင်းမငယ်ကျေးရွာအုပ်စု တို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Sep 18,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘောဂလိမြို့ မဲတင်းတိမ် ကျေးရွာ နှင့် ချောင်းမငယ်ကျေးရွာ တို့တွင် လက်ဝယ်အရောက် တစ်အိမ်တက်တစ်အိမ်ဆင်း ထောက်ပံငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နွားထိုးကြီးမြို့နယ်တွင်ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စု(၃၀၁၄၇)စုတို့အတွက်တတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်
Sep 18,2020
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင်ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်၂၀၀၀၀နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်း တက်ရောက်ပြီးသူများက သင်တန်းမတက်ရသေးသူများအား ပြန်လည်မျှဝေဆွေးနွေးခြင်းများ ဆောင်ရွက်
Sep 18,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းတက်ရောက်ပြီးသူ များက သင်တန်းမတက်ရသေးသူများအား ပြန်လည်မျှဝေဆွေးနွေးခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တာချီလိတ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးဦးဆောင်၍ ရပ်ကွက်များတွင် ကိုဗစ်-၁၉ တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 18,2020
မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်ခရိုင်တွင် ကိုဗစ်-၁၉ ကူးစက်မှုကို ကြိုတင်တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင် ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည် ရပ်ကွက်များသို့ ကွင်းဆင်း၍ အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ကျိုက်ထိုမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း ဖွင့်လှစ်
Sep 18,2020
ကျိုက်ထိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း ကို ယမန်နေ့ နံနက်၉နာရီတွင် ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်၌ ဖွင့်လှစ်ခဲ့သည်။