တံတားဦး၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် အရေးပေါ်ရိက္ခာစားဆီတန်ချိန်(၃၂ဒသမ၃၇) တန်၊ ဆီပုံး (၂၀၀၇) ပုံးကို တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ သိုလှောင်ရုံ၌ထားရှိရာ ယနေ့နံနက် (၁၀) နာရီက မြို့နယ်သိုလှောင်မှုကြီးကြပ်ရေးအဖွဲ့များက စစ်ဆေးကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် အရေးပေါ်ရိက္ခာစားဆီများကို မြို့နယ်သိုလှောင်မှုကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း ကာ ပြည်သူလူထုစားနပ်ရိက္ခာ အဆင်ပြေစေရန်အတွက် အရေးပေါ်စားဆီများကို သိုလှောင်ထားခြင်း ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်မားလာချိန် သို့မဟုတ် ပြည်သူများ စားနပ်ရိက္ခာ အခက် အခဲရှိသည့်အချိန်များ၌ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း။ ဒါ့အပြင် သိုလှောင်ဆီပုံးများ လျော့နည်မှု ရှိ၊ မရှိ၊ အလေအလွင့် ရှိ၊ မရှိ စစ်ဆေးခြင်းတို့ဖြစ်ကြောင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်း၏ ပြောကြားချက်အရ သိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ ပြည်သူများအား အရေးပေါ်ရိက္ခာစားဆီများကို ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူးပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး တံတားဦးမြို့နယ်အတွက် ဆီပုံးအရေအတွက်(၂၀၀၇)ပုံး၊ (၃၂ ဒသမ ၃၇)တန်ကို စုဆောင်းထားရှိပါကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)