မယ်စဲ့ စက်တင်ဘာ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် နမ့်မန်း စစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ် စစ်ဆေးရေးဂိတ် နှစ်ဂိတ်တို့တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအတွက် စားစရိတ်ထောက်ပံ့ခြင်းကို ယနေ့နံနက်က သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက နမ့်မန်း စစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ် စစ်ဆေးရေးဂိတ် နှစ်ဂိတ်အတွက် တစ်ဂိတ်လျှင် စားစရိတ် တစ်လစာထောက်ပံ့ငွေ ကျပ် ၅၂၅၀၀၀၊ လက်ဆေးဘေစင်၊ ကုလားပဲဆံ၊ ဆပ်ပြာခွက်နှင့် ဆပ်ပြာရည် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နယ်စပ်ဝင်ပေါက်များ တရားမဝင် ဝင်/ထွက် သွားလာမှုမရှိစေရေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားရန် တာဝန်ကျဝန်ထမ်းများအား မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)