ကျိုက်မ​ရောမြို့နယ်မြန်မာ့စီးပွား​ရေးဘဏ်ခွဲ၌ အငြိမ်းစားပင်စင်စားဝန်ထမ်းများ၏ပင်စင်လစာ​ငွေများစနစ်တကျထုတ်​ပေး

ကျိုက်​မ​ရော စက်တင်ဘာ ၂၁

​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရော မြို့နယ် မြန်မာ့စီးပွား​ရေးဘဏ်ခွဲတွင် အငြိမ်းစား ဝန်ထမ်း ပင်စင်စားများ၏ လစာ​ငွေများကို ယ​နေ့နံနက် ၉ နာရီခန့်မှစ၍ စနစ်တကျထုတ်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာ​ငွေများ ထုတ်​ပေးရာတွင် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပြန့်ပွားမှု့မရှိ​စေ​ရေးအတွက် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား​သော ညွှန်ကြားချက်များနှင့် အညီ လူစုလူ​ဝေးမဖြစ်​ပေါ်​စေ​ရန် တစ်ကြိမ်လျင် (၁၀)ဦးစီသာ စနစ်တကျ တန်းစီပြီး ဘဏ်တွင်း သို့ဝင်​ရောက်လျှင် လက်​​သန့်​ဆေးရည်ဖြင့် လက်​ဆေးခြင်း၊ အပူချိန်တိုင်းကရိယာဖြင့် အပူချိန် တိုင်း​ပေးခြင်းများကို ဘဏ်ဝန်ထမ်းများက စနစ်တကျ​ဆောင်ရွက်​ပေးပြီး ပင်စင်လစာ​ငွေများကို အသုတ်လိုက်ခွဲ၍ ​နေ့စဉ်ရုံးချိန်အတွင်း ထုတ်​ပေးလျက်ရှိရာ ယ​​နေ့တွင် အငြိမ်းစား ဝန်ထမ်း(၁၅၀)ဦး တို့အား ထုတ်​ပေးခဲ့ပြီးဖြစ်သည်။

ကျိုက်မ​ရောမြို့တွင် အငြိမ်းစား ပင်စင်စားဝန်ထမ်းဦး​ရေ (၇၀၀) ​ကျော်ခန့်ရှိပြီး စက်တင်ဘာ ၂၁ ရက် မှစတင်၍ စက်တင်ဘာလ ၃၀ ရက်​​နေ့အထိ ​​နေ့စဉ်နံနက် ၉ နာရီမှ ည​နေ ၄ နာရီထိ ထုတ်​ပေးသွားမည် ဖြစ်​​ကြောင်း မြန်မာ့စီးပွား​ရေးဘဏ်ခွဲ မန်​နေဂျာ ​ထံမှ သိရသည်။

ချိုချို (ပြန်/ဆက်)