သာကေတ စက်တင်ဘာ ၂၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်၊ ကုသစောင့်ရှောက်မှုများပေးနိုင်ရန် အတွက် သာကေတမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇင်္ဂမလမ်းမကြီးနေ မြန်မာ့တိုင်းရင်းဆေးဆရာကြီး (သြ/သု) ဦးရန်အောင်+ဆရာမဒေါ်မြင့်မြင့် ရွှေဟင်္သာညီနောင်ဆေးတိုက်မိသားစုမှ ယနေ့ နံနက်(၉)နာရီအချိန်၌ ဇဗ္ဗူ့ ပညာစာကြည့်တိုက်တွင် အလှူငွေကျပ်(၉၀)သိန်းအား လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသစောင့်ရှောက်ရန်အတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့ ငွေကျပ်(၇၀)သိန်းနှင့် သာကေတမြို့နယ် ၆/ အနောက်ရပ်ကွက်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ငွေကျပ်(၂၀)သိန်းကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)