ဝါးခယ်မမြို့ အဝင်/အထွက် စစ်‌ဆေးရေးဂိတ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးမှုများကို ‌နေ့စဉ် အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်

ဝါးခယ်မ စက်တင်ဘာ ၂၁

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါ ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ပူးပေါင်း၍ ယမန်နေ့ နံနက် နာရီခန့်က ဝါးခယ်မမြို့အဝင် ကျွန်းကုန်း စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးမှုများကို နေ့စဉ်အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာ၌ ဝါးခယ်မမြို့ ကျွန်းကုန်းစစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ အဝေးပြေးယာဉ်လိုင်းများ၊ အိမ်စီးယာဉ်ငယ်များ၊ ကုန်တင် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားပြည်သူများကို ခရီးသွားထောက်ခံစာများ စစ်ဆေးမှတ်တမ်းရယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်စေခြင်း အစရှိသည့် လုပ်ငန်းများကို နေ့စဉ် နေ့/ တာ၀န်ခွဲဝေကာ အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကျန်းမာရေး စစ်ဆေးရေးဂိတ်သို့ လူထုရှင်းသန့်ပရဟိအသင်းမှ Hand Gel များ၊ လက်ဆေး ဆပ်ပြာရည်များနှင့် တာ၀န်ကျထမ်းအတွက် Mask များ၊လက်သန့်ဆေးများ၊ ခေါင်းစွပ်များ၊ ဆေးပစ္စည်းမျိုးစုံအား လာရောက်လှူဒါန်းခဲ့ရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)