ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်၌ နယ်မြေအေးချမ်းလုံခြုံရေး ယာဉ်ပိတ်ဆို့ စစ်ဆေး

ဒဂုံ စက်တင်ဘာ ၂၁


ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း အ-ထ-က(၂)ဒဂုံရှေ့ ၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဇော်မင်းလွင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့်  ရပ်ကွက် တာဝန်ခံတို့ ပူးပေါင်း၍ ယမန်နေ့ည(၉)နာရီမှ (၁၁)နာရီထိယာဉ်ပိတ်ဆို့  စစ်ဆေးဆောင်ရွက် ကြောင်းသိရသည်။
ယာဉ်စစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများက အများပြည်သူများ  စိတ်အေးချမ်းစွာ နေနိုင်ရေး၊ ဒုစရိုက်မှုခင်းများမဖြစ်ပေါ်စေရေးနှင့် အသက်အိုးအိမ်စည်းစိမ် ကာကွယ် စောင့်ရှောက်နိုင်ရေးတို့အတွက် ယာဉ်တင်လှည့်ကင်းဆောင်ရွက်ခြင်း၊ လမ်းတလျှောက် ဖြတ်သန်း သွားလာသော  ယာဉ်များအား ရပ်တန့်စေပြီး ယာဉ်စည်းကမ်းဆိုင်ရာများ သိရှိစေရန် ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းနှင့် နယ်မြေအေးချမ်းလုံခြုံရေးတို့အတွက် စစ်ဆေးကြောင်း သိရသည်။ 
ဇာဖြူဝင်း(ပြန်/ဆက်)