သာကေတ စက်တင်ဘာ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြို့နယ်အတွင်းရှိ Positive လူနာများနှင့်ထိတွေ့ခဲ့သော(မိသားစု) Primary Contact များကို သီးခြားနေထိုင် စောင့်ကြပ်ကြည့်ရှုမှုများပြုလုပ်သွားနိုင်ရန်အတွက် သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်ကြီးဝင်းအတွင်းရှိ Quarantine Centre တွင်(၁၉.၉.၂၀၂၀)ရက်နေ့၌ လူဦးရေ (၄၀)ဦး စတင်ထားရှိခဲ့ပြီး နှာခေါင်းတို့ဖတ်/အာခေါင်တို့ဖတ်စစ်ဆေးခြင်းများကို စတင်ခဲ့ကြောင်း သိရသည်။
၎င်း Centre တွင် လူဦးရေ(၆၀)ဦးစာအတွက်သာ ယာယီစီစဉ်ထားပြီးအဆိုပါ Quarantine Centre ဝင်ရောက်နေသူများအား မနက်/နေ့လယ်/ညအတွက် အစားအသောက်နှင့် နေထိုင် နိုင်ရန် အတွက် စီစဉ်ပေးထားကြောင်းသိရသည်။
အဆိုပါ Quarantine Centre သို့ မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းအသီးသီးမှ ကားများဖြင့် ကူညီပေးလျက်ရှိပြီး Centre သို့ လှူဒါန်းလိုပါက အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)