ကော့ကရိတ် ပြည်သူ့စာကြည့်တိုက်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေး

ကော့ကရိတ် စက်တင်ဘာ ၂၂

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိဗဟုသုတများ ရရှိစေရေးအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ယမန်နေ့မွန်းလွဲချိန်က Oline မှတစ်ဆင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းရှိန်က ကိုဗစ်-၁၉ ကာလအတွင်း အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ရဲအုပ်သန်းနိုင်ဆွေက ယာဉ်စည်းကမ်း လမ်း စည်းကမ်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ မြို့မ စခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ်မျိုးအောင်က ယာဉ်ကိုပေါ့ဆစွာ မဆင်မခြင် မောင်းနှင်းမှုကြောင့် အရေးယူရသည့် ပုဒ်မတို့ကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။

အဆိုပါ ဆွေးနွေးပြောကြားခြင်းကို ကော့ကရိတ်ခရိုင် ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် Online ဖြင့် တင်ဆက်ပေးထားကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)