နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်းများအား ပိုးသတ်ဆေးရည်လှူဒါန်းပေး

နမ့်ဆန်          စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်းများအား ယမန်နေ့က ပိုးသတ်ဆေးရည် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ လှူဒါန်းပေးရာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်း (၁၃) ကျောင်း အတွက် တစ်ကျောင်းလျှင် ပိုးသတ်ဆေးရည် ၁လီတာပါ ဗူး(၁)ဗူးဆီကို သက်ဆိုင်ရာ ကျောင်းအုပ် ဆရာမကြီးထံ လှူဒါန်းပေးခဲ့သည်။ အဆိုပါ ပိုးသတ်ဆေးရည်ကို ကျောင်းပတ်ဝန်းကျင်နှင့် စာသင် ခန်းများ၊ အိမ်သာများတို့တွင် ပက်ဖျန်းပေးနိုင်ရန် လှူဒါန်းပေးခြင်းဖြစ်ပြီး နောက်ထပ်လိုအပ်သော ကျောင်းများအတွက်ကိုလည်း အလျှင်းသင့်သလို လှူဒါန်းပေးသွားမည်ဟု ကြက်ခြေနီသူနာပြု တပ်ဖွဲ့ခေါင်းဆောင် ထံမှသိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)