တွံတေး စက်တင်ဘာ ၂၂
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိမှု ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်း မရှိသည့် လူနာများ တွေ့ရှိခဲ့ရာမှ အချိန်တိုကာလအတွင်း များပြားလာသဖြင့် မိမိအိမ်တွင် နေထိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) လုပ်ပိုင်ခွင့်အရ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ထားသော အမိန့်အမှတ် (၁၀၇/၂၀၂၀) အမိန့်ကြေညာချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက ဦးဆောင်ကာ မိမိတိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကာ လိုက်နာနေထိုင်နိုင်ရေး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များက မိမိတို့ရပ်ကွက်၊ ကျေးရွာများတွင် အသံချဲ့စက်များဖြင့် ယမန်နေ့ညပိုင်း အချိန်မှ စတင်ကာ ပြည်သူများ သိရှိလိုက်နာနိူင်ရေး နေ့စဉ်လိုက်လံကြေညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)