ကျိုင်းတုံ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းဖြင့် အသေးစားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် (၁၀)နာရီက ကျိုင်းတုံမြို့နယ် ပန်ကြူ အုပ်စု၊ ဝင်းဘို ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲခေါင်နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာ၌ အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေး စီမံကိန်းဖြင့်(59.13KW) အသေးစား လျှပ်စစ်ဓာတ်အား စနစ်(Mini-Grid) မီးလင်းရေးဦးစီးဌာန ၆၀%၊ ကုမ္မဏီ ၃၀%၊ ပြည်သူ ၁၀% ထည့်ဝင်ငွေများဖြင့် ဓာတ်အားပေးစက်ရုံ ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ဝင်းဘိုကျေးရွာနှင့် ဓာတ်အားပေးစက်ရုံသို့ ဆက်သွယ်သည့်လမ်းအား အဆင့်မြှင့်နိုင်ရန်အတွက် လက်ရှိအခြေ အနေအား တိုင်းတာစစ်ဆေးခြင်းနှင့် မြစိမ်းရောင် အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)