ကျောက်ဆည် စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက်ကွာဟမှု လျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်(၃၀၀)ကို ဖွံ့ဖြိုးမှုနည်းသည့်ကျေးရွာများအား ရွေးချယ်ပြီး ထုတ်ချေး ပေး လျက်ရှိရာ ယနေ့နံနက် ၁၀နာရီက ရွာသစ်၊ ရေပြစ်၊ ရေသရောက်၊ ချောင်းဆုံ ကျေးရွာ(၄) ရွာအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာပြည်သူများအား (ဆဌမအကြိမ်) မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့်ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ရွာသစ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ (၅၇)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၁၀၆)ဦး၊ အရောင်း အဝယ်လုပ်ကိုင်သူ (၁၄)ဦး၊ စုစုပေါင်း(၁၇၇)ဦးအတွက် စီမံကိန်းချေးငွေကျပ် (၄၄၀၀၀၀၀၀)၊ ရေပြစ်ကြီးကျေးရွာရှိ စိုက်ပျိုးရေး လုပ်ကိုင်သူ (၆၉)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၄၉)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၁)ဦး၊ စုစုပေါင်း (၁၂၉)ဦးအတွက် စီမံကိန်းချေးငွေကျပ် (၄၅၈၀၀၀၀၀)၊ ရေသရောက်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ (၅၀)ဦး၊ မွေးမြူရေး လုပ်ကိုင်သူ (၉၀)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၆)ဦး၊ စုစုပေါင်း (၁၅၆)ဦးအတွက် စီမံကိန်းချေးငွေကျပ် (၄၅၆၀၀၀၀၀)၊ ချောင်းဆုံကျေးရွာရှိ စိုက်ပျိုးရေး လုပ်ကိုင်သူ (၃၅)ဦး၊ မွေးမြူးရေးလုပ်ကိုင်သူ (၁၁၄)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၂)ဦး၊ စုစုပေါင်း (၁၆၁)ဦးအတွက် စီမံကိန်းချေးငွေ ကျပ်(၄၆၁၀၀၀၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါကျေးရွာများတွင် နေထိုင်လျက်ရှိသော ပြည်သူများသည်မြစိမ်းကျေးရွာစီမံကိန်းချေးငွေများ ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် အရောင်းအဝယ်လုပ်ငန်းများကို အဓိကလုပ်ကိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသော ကျေးရွာများ ဖြစ်ကြောင်းလည်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)