မိုင်းယောင်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာရှိ တောင်သူ ဦးနွဲ့ဆောင်၏ ဘာစမာတီနှင့် ပြည်တော်ရင်မျိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့နှင့် ဝန်ထမ်းများ၊ တောင်သူများက ဘာစမာတီနှင့် ပြည်တော်ရင်မျိုးစပါး စံကွက်ကို ရိတ်သိမ်းရာ ဘာစမာတီမျိုးစပါး ၉၈ တင်း၊ ပြည်တော်ရင်မျိုးစပါး ၁၀၇ တင်း ထွက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း