လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စုများအား စားသောက်ကုန်များ လှူဒါန်း

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်​ရေးကာလအတွင်း ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားခဲ့သော အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ ညောင်ကျေးရွာ၊ စက်မှုဇုံရှော့ဟောက်၊ ရွှေလင်ပန်းကျေးရွာနှင့် ကျုံစုကျေးရွာအုပ်စုများရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများ စားဝတ်နေ​ရေး အဆင်ပြေစေရန်အတွက် လှိုင်သာယာမြို့နယ် အလှူရှင်များကိုယ်စား လှိုင်သာယာ မြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့တို့ သွားရောက်၍ ယမန်နေ့ မွန်းလွဲပိုင်းက စားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ ညောင်ကျေးရွာ၊ စက်မှုဇုံရှော့ဟောက်၊ ရွှေလင်ပန်းကျေးရွာနှင့် ကျုံစုကျေးရွာအုပ်စုများရှိ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စုများ စားဝတ် နေ​ရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ပဲနှင့် ကြက်ဥများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့တို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန် /ဆက်)