သတင်းများ

တောင်တွင်းကြီးမြို့မဈေးအတွင်း (Mobile Lab Van) ဖြင့် ဈေးကွက်နမူနာ ကောက်ယူစစ်ဆေး
Sep 25,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး အတွင်း ရောင်းချနေသော စားသောက် ကုန်များအား ဝယ်ယူစားသုံးနေသည့် ပြည်သူများ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ (Mobile Lab Van) ဖြင့် ဈေးကွက် နမူနာ ကောက်ယူစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်
Sep 25,2020
ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပဉ္စမ အကြိမ်မြောက် ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်သာသနာ့ဗိမာန်၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ် (၂) သောင်းနှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်(၁၀) နာရီတွင် အိမ်တိုင်အရောက် သွားရောက်ထောက်ပံ့ခဲကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် နေအိမ်ပြင်ပ မဖြစ်မနေ ထွက်လာသူ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ရေးနှိုးဆော်ကာ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍
သုဝဏ္ဏဘောလုံးကွင်း ဧရိယာဝန်းအတွင်း ကိုဗစ်-၁၉ အရေးပေါ်လူနာများအတွက် (HDU) နှင့် (ICU) အဆောက်အအုံများ ဆောက်လုပ်
Sep 25,2020
သုဝဏ္ဏဘောလုံးကွင်း ဧရိယာဝန်းအတွင်း ကိုဗစ်-၁၉ အရေးပေါ်လူနာများအား အရေးပေါ်ကုသမှုပေးရန် High Dependency Unit (HDU) နှင့် Intensive Care Unit (ICU) တို့ပါဝင်သည့် ယာယီ အဆောက်အအုံများ တည်ဆောက်လျက်ရှိသည်။
ကျောင်းကုန်း၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ယနေ့၊ နံနက် ၈ နာရီအချိန်ခန့် က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာများအား ပဉ္စမအကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 25,2020
ဘီးလင်းမြို့နယ်၌ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
လပွတ္တာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်များ ထောက်ပံ့ပေးအပ်
Sep 25,2020
လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့ပေါ်ရှိ ထွေ/အုပ် ဝန်ထမ်းများထံ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ ညနေ ၃ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။