သတင်းများ

ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသ(၂)ခု၌ ဖွင့်လှစ်ထားသော စစ်ဆေးရေးဂိတ်များတွင် နေ့စဉ်မပြတ် စစ်ဆေးဆောင်ရွက်
Sep 25,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် နတ်သံကွင်းဒေသနှင့် မုန်းဒေသတို့၌ ဖွင့်လှစ်ထားသော စစ်ဆေးရေး ဂိတ်များတွင် ကိုဗစ်-၁၉ ကာလအတွင်း အနယ်နယ် အရပ်ရပ်မှ
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် လားရှိုးမြို့နယ်မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ (၇၈)ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်
Sep 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိပြည်သူ(၇၈)ဦးအား နိုင်ငံသား စီစစ်ရေး ကဒ်ပြားပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီက လားရှိုးမြို့မယ်ဟန်ဘုန်းတော်ကြီး ကျောင်းဝင်း၌ ကျင်းပကြောင်းသိရသည်။
ပိုးတွေ့လူနာနှင့် ဆက်စပ်သူများအား swab ယူစစ်ဆေးရာ ပိုးမတွေ့ရှိ၊ သတ်မှတ်ရက်များပြည့်မြောက်၍ နေအိမ်များသို့ပြန်ခွင့်ပြု
Sep 25,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၊ ညောင်ပင်လှကျေးရွာ မူလွန်ကျောင်းတွင် အသွားအလာ ကန့်သတ်စောင့်ကြည့် ထားရှိသည့် ပိုးတွေ့လူနာနှင့် ဆက်စပ်သူ (၄)ဦးအား ယမန်နေ့က (၁၄)ရက်ပြည့်မြောက်၍ နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
မကွေးတိုင်ဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် စာအုပ်အညွှန်းမိတ်ဆက်အစီအစဉ် ဆောင်ရွက်
Sep 25,2020
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club )အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာနတွင် Online Page မှတစ် ဆင့် စာအုပ်အညွှန်း မိတ်ဆက်အစီအစဉ်ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ဖိုကြီးကျေးရွာမှ ပိုးတွေ့လူနာ(Case -2457 ) ဆေးရုံမှဆင်းခွင့်ရရှိ
Sep 25,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီအချိန် ကိုဗစ်- ၁၉ ရောဂါ သတင်းထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် လေးတိုင် စင်ကျေးရွာအုပ်စု ၊ ဖိုကြီး ကျေးရွာ သို့ စက်တင်ဘာ ၄ ရက်နေ့တွင် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိ လာသည့် အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်စေရေး  ဖျားနာလူနာများနှင့် အထွေထွေရောဂါများ ကို ဆေးပေးခန်းဖွင့်လှစ်၍ ကုသပေး
Sep 25,2020
ရန်ကုန်တိုင်းဒေသကြီး  ဒလမြို့နယ်၌ လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေး၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း  မြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအား အခမဲ့ကုသမှု ဆေးပေးခန်းကို မြို့နယ်ပြည်သူ့ဆေးရုံ အတွင်း၌ ဖွင့်လှစ်ထားရှိပြီး လူနာများကို ကုသမှုလုပ်ငန်းများ ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။ ယနေ့နံနက်က လာရောက်ပြသသည့် လူနာများကို ကုသမှုဆောင်ရွက်ပေးနေစဉ်။
ကန်ပက်လက်မြို့၌ ဥပဒေအထောက်အကူပေးခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Sep 25,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ရှိ ပြည်သူများအား ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေးရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင်စတင်၍ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးဗြဲဈေးတွင် ကိုဗစ်−၁၉ ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲဈေးတွင် မြို့နယ် COVID-19 ရောဂါ အသိပညာ ပေးရေးအဖွဲ့အမှတ် (၃)မှ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။