ကျောက်ကြီး စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် နတ်သံကွင်းဒေသနှင့် မုန်းဒေသတို့၌ ဖွင့်လှစ်ထားသော စစ်ဆေးရေး ဂိတ်များတွင် ကိုဗစ်-၁၉ ကာလအတွင်း အနယ်နယ် အရပ်ရပ်မှ ဝင်ရောက်လာသောယာဉ်များနှင့် လူပုဂ္ဂိူလ်များအား နေ့ညမပြတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့တို့ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။
ကျောက်ကြီးမြို့နယ်သို့ အခြားဒေသမှ ဝင်ရောက်လာသောယာဉ်များတွင် စီးနင်းလိုက်ပါလာသည့်သူ များကိုလိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခြင်း၊ကိုယ်ရေးအချက်အလက်များမှတ်တမ်းတင်ခြင်းနှင့်ရန်ကုန်မှဝင်ရောက်လာသူများအားတာဝန်မှအပဝင်ခွင့်မပြုပဲပြန်လွှတ်ခြင်း ၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက်နှာခေါင်းစီး Mask များ တပ်ဆင်သွားလာမှု ရှိ/မရှိစစ်ဆေးခြင်း၊ မြို့နယ် အတွင်းတွင်လိုအပ်သည့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှုများမရှိစေရေးအတွက် ကုန်ပစ္စည်း ပို့ဆောင်သည့်ယာဉ်များအားစစ် ဆေးပြီး ဝင်ရောက်ခွင့်ပြုခြင်း၊ အခြားဒေသများမှ ကျောက်ကြီးမြို့နယ်အတွင်းသို့ နယ်လှည့်စျေးရောင်းချသည့် မည်သည့် စျေးသည်မဆို ဝင်ရောက် လှည့်လည် ရောင်းချခွင့်မပြုခြင်း၊ တာဝန်မှအပခိုင်လုံသည့်အကြောင်း တစ်စုံ တစ်ရာမရှိပဲ အခြား ဒေသများမှ ကျောက်ကြီးမြို့နယ်အတွင်းသို့ ဝင်ရောက်ခြင်းမရှိစေရန် နေ့ညမပြတ် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
K ခိုင် ပြန်/ဆက်