မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ဖိုကြီးကျေးရွာမှ ပိုးတွေ့လူနာ(Case -2457 ) ဆေးရုံမှဆင်းခွင့်ရရှိ

မြို့သစ် စက်တင်ဘာ  ၂၅


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  စက်တင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီအချိန် ကိုဗစ်- ၁၉ ရောဂါ သတင်းထုတ်ပြန်ခြင်းနှင့် ပတ်သက်၍    မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် လေးတိုင် စင်ကျေးရွာအုပ်စု ၊ ဖိုကြီး ကျေးရွာ သို့  စက်တင်ဘာ ၄ ရက်နေ့တွင်  ရန်ကုန်မြို့မှ  ပြန်လည်ရောက်ရှိ လာသည့် အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာ  Case -2457  အား  စက်တင်ဘာ ၁၃ ရက်  ၊  နံနက် ၈ နာရီအချိန်တွင် ကျန်းမာရေး ဝန်ထမ်းများမှ  မကွေးတိုင်းဒေသကြီး သင်ကြားရေး ဆေးရုံကြီးသို့ ပို့ဆောင်၍  ကျန်းမာရေးစောင့်ရှောက်မှု ခံယူစေခဲ့ပြီး ဆေးစစ်မှု နှစ်ကြိမ်ပြုလုပ်ရာတွင် နှစ်ကြိမ်လုံး Negative ပြ၍ မကွေး တိုင်းဒေသကြီး  သင်ကြားရေး ဆေးရုံကြီးမှ  စက်တင်ဘာ ၂၄ ရက်နေ့တွင်  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး မြို့သစ်မြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသောနေရာ သို့ စက်တင်ဘာ ၂၄ ရက်နေ့  ၊  နေ့လယ် ပိုင်းတွင်  ပြန်လည်ရောက်ရှိကာ မြို့နယ်  သမရုံးဟောင်းတွင်  FQ (၇)ရက်ထားရှိ၍  ၎င်း၏နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)