ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် (Cash For Work)စီမံကိန်း ရာနှုန်းပြည့်ပြီးစီး
Sep 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးမှု အားနည်းသော ကျေးရွာအုပ်စုမှ ကျေးလက်နေ ပြည်သူများ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် မိသားစုဝင်ငွေ ရရှိရေးလုပ်ငန်းများ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကုစားနိုင်ရေးအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာ (၁၃) ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)နှုန်းဖြင့် စီမံကိန်းရန်ပုံငွေ စုစုပေါင်းငွေကျပ် သိန်း(၁၃၀၀) ဖြင့် လမ်းလုပ်ငန်း(၁၃)ခုကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှ စက်တင်ဘာလ ပထမပတ် အတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး Cash For Work စီမံကိန်းရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။