သတင်းများ

ကိုဗစ်-၁၉ ဖြစ်ပွားသည့်ကာလ ကျေးရွာနေပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ဆန်များ ပေးဝေ လှူဒါန်း
Sep 25,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပန်းတုန်းကြီးကျေးရွာနေ အလှူရှင် ဦးစိန်လင်း+ဒေါ်စန်းနွဲ့ မိသားစုက နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာရှိ ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍
ကော့ကရိတ်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၁၀၃)စုအား တတိယအကြိမ် ၂၀၀၀၀/-ကျပ်နှုန်းထောက်ပံ့ငွေပေးအပ်
Sep 25,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု နောက်တိုးများအား တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ကရင်ပြည်နယ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းမှ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တောင်တွင်းကြီးမြို့မဈေးအတွင်း (Mobile Lab Van) ဖြင့် ဈေးကွက်နမူနာ ကောက်ယူစစ်ဆေး
Sep 25,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး အတွင်း ရောင်းချနေသော စားသောက် ကုန်များအား ဝယ်ယူစားသုံးနေသည့် ပြည်သူများ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ (Mobile Lab Van) ဖြင့် ဈေးကွက် နမူနာ ကောက်ယူစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်
Sep 25,2020
ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပဉ္စမ အကြိမ်မြောက် ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်သာသနာ့ဗိမာန်၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ် (၂) သောင်းနှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်(၁၀) နာရီတွင် အိမ်တိုင်အရောက် သွားရောက်ထောက်ပံ့ခဲကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် နေအိမ်ပြင်ပ မဖြစ်မနေ ထွက်လာသူ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ရေးနှိုးဆော်ကာ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍
သုဝဏ္ဏဘောလုံးကွင်း ဧရိယာဝန်းအတွင်း ကိုဗစ်-၁၉ အရေးပေါ်လူနာများအတွက် (HDU) နှင့် (ICU) အဆောက်အအုံများ ဆောက်လုပ်
Sep 25,2020
သုဝဏ္ဏဘောလုံးကွင်း ဧရိယာဝန်းအတွင်း ကိုဗစ်-၁၉ အရေးပေါ်လူနာများအား အရေးပေါ်ကုသမှုပေးရန် High Dependency Unit (HDU) နှင့် Intensive Care Unit (ICU) တို့ပါဝင်သည့် ယာယီ အဆောက်အအုံများ တည်ဆောက်လျက်ရှိသည်။
ကျောင်းကုန်း၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ယနေ့၊ နံနက် ၈ နာရီအချိန်ခန့် က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။