ပိုးတွေ့လူနာနှင့် ဆက်စပ်သူများအား swab ယူစစ်ဆေးရာ ပိုးမတွေ့ရှိ၊ သတ်မှတ်ရက်များပြည့်မြောက်၍ နေအိမ်များသို့ပြန်ခွင့်ပြု

တောင်တွင်းကြီး စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၊ ညောင်ပင်လှကျေးရွာ မူလွန်ကျောင်းတွင် အသွားအလာ ကန့်သတ်စောင့်ကြည့် ထားရှိသည့် ပိုးတွေ့လူနာနှင့် ဆက်စပ်သူ (၄)ဦးအား ယမန်နေ့က (၁၄)ရက်ပြည့်မြောက်၍ နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
 ပိုးတွေ့အတည်ပြုလူနာ  Case - 1061 / 1062 တို့နှင့် ထိတွေ့ခဲ့သူများ ဖြစ်သည့် Case - 1892 / 1893 တို့ ( ၂)ဦးနှင့်အတူ  စက်တင်ဘာ ( ၃) ရက်နေ့ နံနက် (၈) နာရီ အချိန် ရန်ကုန်မြို့ မှ တောင်တွင်းကြီး - မြို့သစ် - နတ်မောက် ခရီးစဉ်တွင် မော်တော်ယာဉ်တစ်စီးတည်း အတူတကွ လိုက်ပါစီးနင်းခဲ့သည့် contact ဖြစ်ခဲ့သော (၄)ဦးတို့အား Swab ယူစစ်ဆေးခဲ့ရာ ရောဂါပိုးကင်းစင်ခဲ့ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိပြီး (၁၄)ရက်ပြည့်မြောက်သည့်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦး၀င်းမြင့်လှိုင်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဌေး၊ ဒု - မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း ၊ ကျန်းမာရေးမှူး ဦးခင်မောင်သင်းတို့က ကျန်းမာရေးထောက်ခံချက်များအား ပေးအပ်ခဲ့ကာ သက်ဆိုင်ရာနေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး Home Quarantine (၇)ရက် နေထိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)