သုံးခွ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း( Public Talk ) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပျဉ်းမကန်ကျေးရွာ အနောက်ကျောင်းတိုက်ဓမ္မရုံ၌ ကျင်းပသည်။
ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်စုက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်က ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများအား စိုက်ပျိုးရေး၊မွေးမြူရေးကဏ္ဍများ ပညာရေး၊ကျန်းမာရေး ပက်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပက်သက်သည့် အကြောင်းအရာများ ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစသန့်ဖူးအောင်က အသက် ၁၀ အထက် ပြည့်ပြီးသူတိုင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးရရှိရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးမျိုးသန်းက စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်း တာဝန်များ ၊ GAPစနစ်ကို ကျင့်သုံးရန် ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာကျော်ကိုကိုခိုင်က မျိုးကောင်းမျိုးသန့် ပြောင်းလဲမွေးမြူရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ကိုကိုက ကျေးလက်လမ်း မူဝါဒနှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျေးရွာသူ၊ကျေးရွာသားများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)