ရန်ကုန် ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသ ကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက် အားပေးကြသည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားတွင် အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်း သား၊ ကျောင်းသူများက “မြန်မာ့စာပေ ယဥ်ကျေးမှုအမွေ” သီချင်းဖြင့် ဖျော်ဖြေတင်တက်၍ ဖွင့်လှစ် သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် စာပေဟောပြောမည့် စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)ကို ဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်သည်။
ထို့နောက် အခမ်းအနားအတွက် အလှူရှင်များက အလှူငွေများကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်သည်။
ယင်းနောက် အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများက “ဂျိမ်းဖော” အကဖြင့် ဖျော်ဖြေတင်ဆက်သည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် အခမ်းအနားအတွင်း ပြခန်းများနှင့် ပြိုင်ပွဲများဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြခန်း၊ ပညာရေး ပြခန်း၊ စာအုပ် အရောင်းဆိုင်ခန်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ၊ တိုင်းရင်းဆေးကုဌာန ပြခန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြခန်း၊ မြှားပစ် ပြိုင်ပွဲ၊ ဘောလုံးဖိပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ခွက်ရွေ့ပြိုင်ပွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြခန်း၊ ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုနည်း ပြခန်း၊ မီးသတ်ဦးစီးဌာန ပြခန်း၊ မြတ်ရွှေအိုး ကျောင်း စာကြည့်တိုက်၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြော ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကွန်ပျူတာ ဉာဏ်စမ်း ပြိုင်ပွဲစသည်တို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)