ရေနံချောင်းမြို့နယ် မဲဆန္ဒရှင်လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ
Oct 03,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေစာရင်းများ ပထမအကြိမ်ထုတ်ပြန်ကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက်နေ့က စတင်၍ ရပ်ကွက်/ကျေးရွာ ၁၉ အုပ်စုရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ တစ်ပြိုင်နက်ဆောင်ရွက်ထားရှိရာ ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။